Saturday, October 24, 2009

ဒေါက်တာတင့်ဆွေ MBBS (Mandalay) Sama 4272 ၏ ဆေးပညာဆောင်းပါးတစ်ခုမှ ကူးယူဖေါ်ပြပါသည်။ ဆေးပညာဗဟုသုတ အဖြစ် အားလုံးအတွက် ဖေါ်ပြပေးခြင်းသာ ဖြစ်ပြီး၊ တစ်ခြား

ဒေါက်တာတင့်ဆွေ MBBS (Mandalay) Sama 4272 ၏ ဆေးပညာဆောင်းပါးတစ်ခုမှ ကူးယူဖေါ်ပြပါသည်။

ဆေးပညာဗဟုသုတ အဖြစ် အားလုံးအတွက် ဖေါ်ပြပေးခြင်းသာ ဖြစ်ပြီး၊ တစ်ခြား မည်သည့်ရည်ရွယ်ချက်မှ မပါဝင်ကြောင်းတင်ပြအပ်ပါသည်။

မိသားစုစီမံကိန်း၊ ပဋိသန္ဓေတားဆေးများ၊ သားဆက်ခြားနည်းများ၊

Different Methods of Contraception


1. အရေပြားအားကပ်ထားရသည့် ဆေးကပ်ခွါ၊ The contraceptive patch
2. (ကွန်ဒွန်း)များ၊ Male and female condoms
3. ဆေးနှစ်မျိုးတွဲစားဆေးများ၊ The combined pill
4. သားအိမ်အ၀အဖုံးများ၊ Diaphragms and caps
5. (ပီ-အို-ပီ)ဆေးလုံး၊ The progestogen-only pill
6. အရေပြားအောက်ထည့်ရသည့် ဆေးချောင်း၊ The contraceptive implant
7. ထိုးဆေး၊ The contraceptive injection
8. အရေးပေါ်တားဆေး၊ Emergency contraception
9. သားအိမ်ထဲထည့် ပစ္စည်း၊ The intrauterine device (IUD)
10. သားအိမ်ထဲထည့် တာရှည်ခံဆေး၊ The intrauterine system (IUS)
11. သဘာဝနည်း၊ Natural family planning
12. သားကြောဖြတ်ခြင်း၊ Male and female sterilization
13. အန္ဒိယဈေးကွက်တွင်သုံးသည့် ဟော်မုန်းမပါသောစားဆေး၊ Centchroman (Saheli) Tablets
14. ကျားသုတ်ပိုးသတ်ဆေး၊ Spermicides (nonoxynol-9)

1. အရေပြားအား ကပ်ထားရသည့် ဆေးကပ်ခွါ၊ The contraceptive patch
သေးငယ်ပါးလွှာ၍ အရေပြား၌ကပ်ရသည့် ခပ်ညိုညိုဆေးပြားလွှာ။
တားဆေးစားဆေးများနည်းတူ ဟော်မုန်းများပါဝင်လျက် မျိုးဥအိမ်မှ လစဉ် မမျိုးဥ မထွက်စေရန် တားဆီးသည်။ သားအိမ်အ၀ရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုတ်ပိုးနှင့် တွေ့ရန်ခက်ခဲစေပြီး၊ သားအိမ် အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေဥသည် သားအိမ်၌မကပ်စေနိုင်။ ၉၉%ထိရောက်သည်။

ရာသီစစဆင်းပြီး (၅)ရက်မြောက်နေ့မှစကပ်ရမည်။ လစဉ်ရက်သတ္တ(၃)ပါတ်ကပ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းသော မည်သည့် (ရင်သားမှအပ) အရေပြားမှာမဆို ကပ်ထားရသည်။ ထို့နောက်တပါတ်နားထားစဉ် ရာသီဆင်းမည်။

ရာသီးအဆင်း နည်းမည်။ ရက်လည်းတိုနိုင်သည်။ စားဆေးများကဲ့သို့ ဆေးကြောင်း ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် အခြား အလုံး-အကြိတ်ဖြစ်မည့် အန္တရာယ်ပို၍နည်းသည်။ အမည်းငယ်ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတတ်သည်။ ဖြစ်နိုင်ခဲသော ဘေးထွက်ဆိုးကျိုးများမှာ သွေးဖိအားတက်တတ်သည်။ သွေးခဲခြင်းဖြစ်နိင်သည်၊ ၅ နှစ်ထက် ကြာကြာ သုံးလျင် သားအိမ်အ၀ကင်ဆာဖြစ်စေနိုင်သည်။

ကိုယ်ဝန်ရှိနေပြီဆိုလျင်မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အ၀လွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။

ကောင်းစွာစေးကပ်သဖြင့် ရေချိုး-ရေကူးလျင်လည်း ကွာမကျတတ်ချေ။ မတော်တဆ ကွာကျလျင် ၄၈ နာရီ အတွင်းသိပါက ၄င်းကိုပင် ပြန်ကပ်နိုင်သည်။ ၄၈ နာရီကျော်သွားပါက အသစ်တခုကို၎င်း၊ အခြားနည်းကို၎င်းသုံးပါ။

2. Male and female condoms ကျား-မ (ကွန်ဒွန်း) အစွပ်များ
ကျားသုတ်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ ကျားသုံး-မသုံး နှစ်မျိုးရှိသည်။ latex (rubber) or polyurethane (plastic) ပစ္စည်း တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ ညွှန်ကြားချက်အတိုင်း သုံးတတ်ပါက ၉၅-၉၈% စိတ်ချရသည်။ HIV-AIDS အပါအ၀င် လိင်မှတဆင့်ကူးစက်ရောဂါများကို ကာကွယ်သည်။

ကျား(ကွန်ဒွန်း)အသုံးပြုနည်း၊
အမျိုးသမီးနှင့် အဂ်ါချင်းမထိစပ်မီ၊ မာတင်းလာသည့် ကျား၏အင်္ဂါအား ကျကျနန စွပ်ဖုံးထားလျက်သုံးရမည်။ အဆုံးသပ်လျင် ကျားအင်္ဂါ လုံးဝ နဂိုအနေအထားသို့ ပြန်မရောက်မီ ချွတ်ယူရမည်။ တခုသည် တခါသုံးသာ ဖြစ်သည်။

၂၅-၄-၀၉။ အသားရှောင်ခြင်းကို အထူးဂရုပြုသူများအတွက် Fusion အမည်ဖြင့် (ဗက်ဂျီ-ကွန်ဒွန်း)အား ဗြိတိန်နိုင်ငံတွင် မှတ်ပုံတင်လိုက်ပြီဖြစ်သည်။

မ(ကွန်ဒွန်း)အသုံးပြုနည်း၊

အမျိုးသမီး၏ မွေးလမ်းကြောင်း(Vagina)ထဲ၌ သက်တောင့်သက်သာ အ၀ကိုအပြင်-အပိတ်ကို အတွင်း အနေအထားဖြင့် ထည့်သွင်းရမည်။

ဆက်ဆံမှုပြီးဆုံးလျင် အပြင်အ၀အား စုစည်းပိတ်လျက် အထဲရှိနေသော ကျားသုတ်များ ဖိတ်ကျခြင်း မရှိစေအောင် ပြန်ထုတ်၍ စွန့်ပြစ်ရမည်။

Lower-cost female condom gets FDA approval ဈေးချိုသော မ(ကွန်ဒွန်း)အား FDA က အသိအမှတ်ပြုလိုက်ပြီ။

3. The combined pill ဆေးနှစ်မျိုးတွဲစားဆေးများ၊
COC ဟုလည်းခေါ်သည်။ အမျိုးအစားများစွာရှိသည်။ estrogen and progestogen ခေါ် အမျိုးသမီး ဟော်မုန်း နှစ်မျိုး ပူးတွဲပါဝင်သည်။

၎င်းဟော်မုန်း နှစ်မျိုးသည် မမျိုးဥအိန်မှ လစဉ် ထွက်ရမည့် မမျိုးဥကိုထွက်မလာစေရန် တားဆီးပေးသည်။ သားအိမ်အ၀ရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုတ်ပိုးနှင့် တွေ့ရန် ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေဥသည် သားအိမ်၌မကပ်စေနိုင်။

စနစ်တကျသုံးပါက ၉၉%စိတ်ချရသည်။ လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စုစုပေါင်း ၂၁ ရက်ကြာနေ့စဉ် ဆေး ၁ ပြားသောက်ရမည်။ နောက်ဆုံးသောက်ရမည့် အရောင်မတူသည့်ဆေးပြား ၇ ပြားမှာ အားဆေးသာ ဖြစ်သည်။ နားထားသော ၇ ရက်အတွင်း သွေးပြန်ဆင်းမည်။ ဆေးမသုံးသည်ထက် သွေးဆင်း နည်းမည်၊ ရက်လည်းတိုမည်။

သွေးဆင်းရက်မှန်စေသည်။ ရာသီမလာမီဖြစ်တတ်သည့် လက္ခဏာများနည်းစေသည်။ ၀က်ခြံ၊ အလုံး-အကြိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်သည်။

မကောင်းသော ဘေးထွက်လက္ခဏာများ၊ ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက်သွေးဆင်းခြင်း၊ ရင်သားတင်းခြင်း၊ ရှားရှားပါးပါး ဖြစ်နိုင်သည်များမှာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်း၊ သားအိမ်အ၀ကင်ဆာတို့ဖြစ်ကြသည်။

ကိုယ်ဝန်ရှိနေပြီဆိုလျင် မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အ၀လွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။

4. Diaphragms and caps သားအိမ်ဝအဖုံးများ၊

ကျားသုတ်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ latex (rubber) or polyurethane (plastic) တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ diaphragms သည် ဆန့်နိုင်-ကြုံ့နိုင်သော အဖုံးကဲ့သို့ ပုံပန်းရှိသည်။ Caps တို့က ပို၍ အရွယ်ငယ်သည်။ ကျားသုတ်ပိုးသတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။ ၉၂-၉၆% စိတ်ချရသည်။ silicone cap – Femcap သည် ပို၍ထိရောက်သည်။

ကျား-မ မဆက်ဆံမီ ကျားသုတ်ပိုးသတ်ဆေး spermicide အား သားအိမ်ဝအဖုံး diaphragm ပေါ်သုတ်လိမ်းပြီး၊ မွေးလမ်းကြောင်း Vagina ထဲထည့်သွင်းပြီး သားအိမ်ဝ Cervix ကို ဖုံးပိတ်စေရမည်။ ဆက်ဆံပြီးနောက် ၆ နာရီ ကြာအထိ diaphragm ကို ပြန်မထုတ်ရ။ ကြာကြာထားလည်းရသည်။

5. The progestogen-only pill (ပီ-အို-ပီ) ဆေးလုံး၊
Progestogen ခေါ် မဟော်မုန်းတမျိုးတည်း ပါသည့်စားဆေးဖြစ်သည်။ အမျိုးအစားအမျိုးမျိုးရှိသည်။ ၄င်းဆေးကြောင့် သားအိမ်အ၀ရှိ ချွဲကြိသည့်အရည်သည် ပြစ်စေးလာကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ်အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ Cerazette ဆေးဖြစ်ပါက လစဉ် မမျိုးဥထွက်ခြင်းကို တာဆီးပေးသည်။ သတိထားသုံးပါက ၉၉% ထိရောက်သည်။

လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စနေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်သည်အထိ သောက်ရမည်။ ဆေးကပ်ကုန်သည်နှင့် နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ်လည်း သောက်နိုင်သည်။ အသက်ကြီးလျင်လည်းသောက်နိုင်သည်။ ရာသီ မလာမီ လက္ခဏာများကို သက်သာစေသည်။

ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်သည်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်ခြင်း ဖြစ်တတ်သည်။

ယခု သို့မဟုတ် ယခင်က ရင်သားကင်ဆာရှိနေလျင်၊ ကိုယ်ဝန်ရှိနေလျင်၊ အသဲနှင့်သဲခြေရောဂါရှိနေလျင်၊ မျိုးဥအိမ် အကြိတ် အလုံးရှိဘူးလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

6. The contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း၊
ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းကလေးတခုဖြစ်သည်။ လက်မောင်းအတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။

progestogen ဟော်မုန်းသည် လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အ၀ရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉%မက ထိရောက်သည်။ အလေးချိန်များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ ကလေးနို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီလက္ခဏာများကို သက်သာစေသည်။

သို့သော် ရာသီဆင်းများတတ်သည်။ မမှန်ဖြစ်တတ်သည်။ ၀က်ခြံပေါက်တတ်သည်။ ရင်သားတင်းတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ အသဲရောဂါရှိနေလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။

7. The contraceptive injection ပဋိသန္ခေတားထိုးဆေး၊
Progestogen ဟော်မုန်းတမျိုးပါသည့် ထိုးဆေးဖြစ်သည်။ Depo-Provera ၃ လခံ၊ Noristerat ၂ လခံ၊ ၁လခံ၊ အမျိုးအစားများရှိသည်။ လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အ၀ရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉% ထိရောက်သည်။ လစဉ်ရာသီလာအပြီး ၅ ရက် မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ နို့တိုက်ခြင်းကိုမထိခိုက်။ ရာသီမဆင်းမီလက္ခဏာများ သက်သာစေသည်။

သို့သော် ရာသီလာသည့်ရက် ပြောင်းတတ်သည်။ မလာဘဲလည်း ရှိတတ်သည်။ ကိုယ်အလေးချိန် တိုးတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ နောက်၁ နှစ်အကြာကလေးလိုချင်လျင်၊ သွေးကြောကျဉ်းရောဂါရှိလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

8. Emergency contraception အရေးပေါ်တားဆေး၊
(၁) ဟော်မုန်းပါသောဆေး emergency pill နှင့် (၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD) နှစ်မျိုးရှိသည်။

(၁) Emergency contraception (EC) သို့မဟုတ် Emergency contraceptive pills (ECPs) သို့မဟုတ် morning-after pillဟော်မုန်းပါသောဆေးကို လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်သည်။ ဆက်ဆံအပြီး ၇၂ နာရီအတွင်းသုံးပါက အထိရောက်ဆုံးဖြစ်သည်။ ၅ ရက်အထိလည်း သုံးနိုင်နိုင်သည်။

Progestin (levonorgestrel) 1.5 mg တလုံးတကြိမ်တည်း သို့မဟုတ် 750 μg နှစ်ခါခွဲသောက်နိုင်သည်။ ၈၉% ထိရောက်သည်။ ၄င်းဆေးသည် RU486, mifestone, or Mifeprex တို့ကဲ့သို့ သားပျက်စေသည့် ဆေးမဟုတ်ဘဲ သန္ဓေမတည်အောင်သာ လုပ်ပေးခြင်း ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်းတို့ ဖြစ်သည်။ အရေးပေါ်ဆေးသောက်ပြီး အချိ့ အမျိုးသမီးများက နေမကောင်း ဖြစ်တတ်သည်။ မောပန်းခြင်း၊ ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

လိင်မှတဆင့်ကူးစက်ရောဂါများကို အကာအကွယ်မပေးနိုင်။ ဆက်လက်ကာကွယ်လိုလျင် အရေးပေါ် ဆေးအပြင် အခြားနည်းများကို သုံးရန်လိုသည်။

(၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD)သည် လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သုံးနိုင်သော်လည်း၊ ၉၉% စိတ်ချရသည်။ (IUD)ကမူ တာရှည်ကာကွယ်သည်။

9. The intrauterine device (IUD or IUCD) သားအိမ်ထဲထည့် ပစ္စည်း၊
သားအိမ်ထဲတွင် plastic သို့မဟုတ် copper ဖြင့်ပြုလုပ် ထားသော ပစ္စည်းငယ်လေးတခု ထည့်ထားပေးခြင်းဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကျားသုတ်ပိုးသည် မမျိုးဥနှင့်ထိတွေ့ခြင်း မဖြစ်အောင်လုပ်ပေးသည်။ ၉၉% ထိရောက်သည်။

ကြေးနီဓါတ်ပိုပါဝင်သည့် (IUD) အသစ်များက ပို၍ ထိရောက်သည်။ တတ်ကြွမ်းသည့် ဆရာဝန်၊ ဆရာမများကထည့်ပေးရသည်။ သားအိမ်ထဲသို့ ပစ္စည်းထည့်ထားစဉ် အောက်ခြေ ကြိုးစလေးနှစ်ခုက မွေးလမ်းကြောင်း Vagina ထဲရှိနေခြင်းဖြင့် (IUD) ရှိနေဆဲ ဖြစ်သည်ကို စစ်ဆေး ကြည့်နိုင်သည်။ ထည့်ပြီးသည်နှင့် အကျိုးသက်ရောက်သည်။ ဟော်မုန်းမပါသဖြင့် မည်သည့် ဆေးဘေးထွက် အကျိုးမှမရှိ။ ၃ နှစ်ခံမှ ၁၀ နှစ်ခံအထိ အမျိုးမျိုးရှိသည်။ ParaGard (copper T), Mirena (LNG-IUS), Multiload CU375 စသဖြင့်အမျိုးမျိုးရှိသည်။

လစဉ်ရာသီများတတ်သည်။ စစ်ဆေးကြည့်နေသင့်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း တခါတရံ ဖြစ်တတ်သည်။ (ကွန်ဒွန်)ကဲ့သို့ လိင်မှတဆင့် ကူးစက်ရောဂါများကို မကာကွယ်နိုင်။

10. The intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး၊
T ပုံရှိသော ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော progestogen ဟော်မုန်းအား တဖြေးဖြေး ထုတ်ပေးနေသည့် ဆေးဖြစ်သည်။ ၅ နှစ်အထိခံသည်။ Mirena ဟုခေါ်သည်။

သားအိမ်အ၀ရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ အချို့အမျိုးသမီးများတွင် မမျိုးဥမထွက်စေရန် တားဆီးသည်။ ၉၉% ထိရောက်သည်။

ရာသီစဆင်းသည့်နေ့မှ နောက် ၅ ရက်အကြာ ၄င်းပစ္စည်းထည့်ရသည်။ မွေးလမ်းတွင် ကူးစက်ပိုး မရှိမှ ထည့်ရမည်။ (IUD) များကဲ့သို့ မွေလမ်းကြောင်း Vagina ထဲတွင် ကြိုးစလေးနှစ်ခုရှိနေမည်။

သို့သော် လစဉ်ရာသီဆင်းရက် ပြောင်းသွားနိုင်သည်။ ၀က်ခြံထွက်တတ်သည်။ ရင်သားနာတတ်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း ဖြစ်တတ်သည်။

ကိုယ်ဝန်ရှိနေလျင် မသုံးရ။ သားအိမ်၊ မျိုးဥအိမ်ကင်ဆာရှိနေလျင် မသုံးရ။ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

11. Natural family planning (NFP) သဘာဝနည်းများ၊
ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။ ၉၄% ထိရောက်သည်။

ကိုယ်အပူချိန် body temperature ကို နေ့စဉ်တိုင်းရမည်။ လစဉ်ရာသီပါတ်၏အလည်ရက်တွင် အရွယ်ရောက် အမျိုးသမီးများသည် မျိုးဥထွက်လာခြင်းကြောင့် ကိုယ်အပူချိန် အနည်းငယ်တက်လာသည်။ ကျပ်င်းရက်ကိုသိရန် အပူချိန် တိုင်းရခြင်းဖြစ်သည်။

ထို့ပြင် သားအိမ်အ၀မှထွက်သည့် အချွဲအားစစ်ဆေးခြင်းဖြင့် နေ့စဉ်-လစဉ်ပြောင်းလဲနေသော estrogen and progesterone ဟော်မုန်း အနည်းအများ၊ အပြစ်အချွဲ၊ အစေးအပြစ်တို့ကို ကြည့်နိုင်သည်။ ပြီးခဲ့သော ၆ လ တာရာသီဆင်းသည့်ရက်များကို တိတိကျကျ မှတ်သားခြင်းဖြင့် ၄င်းအမျိုးသမီး၏ ရာသီသဘာဝကို သိနိုင်သည်။

(က) ရက်ရှောင်နည်း Standard Days method သို့မဟုတ် calendar method
အကြမ်းအားဖြင့် လလည်ရက်တွင် မမျိုးဥထွက်လာသည့်နေ့ဖြစ်သည်။ ၄င်းဥနှင့် ကျားသုတ်ပိုး တွေ့မှသာ ကိုယ်ဝန် ရှိနိုင်သည်။ ထို့ကြောင့် ၄င်းလလည်ရက် မတိုင်မီ ၅ ရက်နှင့် နောက်ထပ် ၅ ရက်အတွင်းအတူမနေသင့်။ ထို့ကြောင့် ရာသီစလာပြီး (၇)ရက်အတွင်းနဲ့ ရာသီမလာခင် (၇)ရက်အလိုရက်များသည် ကိုယ်ဝန် မရှိနိုင်သော ရက်များ ဖြစ်ကြသည်။

ဤရက်ရှောင်၍ သားဆက်ခြားနည်းသည် အကုန်အကျ အနည်းဆုံးဖြစ်သော်လည်း မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းမှာ အမြင့်ဆုံးဖြစ်သည်။ လိင်ဆက်ဆံမှုနှင့် ဆန္ဓပြည့်ဝမှုကိုမူ အနှောက်အယှက် မဖြစ်စေသလို၊ ဘေးထွက်ဆိုးကျိုးလည်းမရှိပါ။

(ခ) သုတ်ရည် ပြင်ပစွန့် ထုတ်နည်း Withdrawal
ယောက်ျားက ဆန္ဒပြည့်ဝခါနီးတွင် မိမိ၏ အင်္ဂါကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်းမှထုတ်ကာ သုတ်ရည်ကို ပြင်ပတွင် ထွက်စေအောင် ပြုလုပ်ရသည်။ သို့ သော် စိတ်ကိုထိန်းထားစဉ် သုတ်ကောင်များပါသော Sparm အနည်းငယ်ထွက်ခြင်း ဖြစ်တတ်၍ ကိုယ်ဝန်မရဖို့  စိတ်မချရပါ။ ထို့ ပြင် ဆန္ဒမပြည့်ဝခြင်းကိုလည်း ဖြစ်တတ်သေး၍ အိမ်ထောင်ရေး မသာယာခြင်းကို ဖြစ်စေတတ်သည်။ ကျားသုတ်ပိုးသတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။

Pullout method' nearly as effective as using condoms: Study သုတ်ရည် ပြင်ပစွန့် ထုတ်နည်းသည် (ကွန်ဒွန်)လောက်နီးပါး စိတ်ချရသည်။

(ဂ) ကလေး နို့တိုက်ခြင်းနည်း Breastfeeding
မိခင်မှကလေးကို မိမိ၏နို့တိုက်ခြင်းဖြင့် ကလေး (၆)လအထိ သဘာဝနည်းဖြင့် သားဆက်ခြားစေခြင်းဖြစ်သည်။ မိခင်ကိုလည်း ဟော်မုန်း လည်ပတ်မှု မှန်ကန်စေသဖြင့်လည်း အကျိုးရှိစေပါသည်။

ရင်သားကင်ဆာဖြစ်မှုကိုလည်း ကာကွယ်စေပါသည်။ အားနည်းချက်မှာ ကလေးမွေးပြီးစ (၆)လအတွင်းသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ မိခင်အနေဖြင့်လည်း ကလေးကို မိမိ၏နို့တမျိးတည်းသာ တိုက်ရပါမည်။

12. Male and female sterilization သားကြောဖြတ်ခြင်း၊
ရာသက်ပန် ကလေးမနိုင်တော့သည့်နည်းဖြစ်သည်။

ယောက်ျားများကို ထုံဆေးသုံး၍ ကျားသုတ်ပိုးများထွက်လာရသည့်လမ်းကြောင်းတနေရာရာအား ဖြတ်ပြစ်လိုက်ခြင်း ဖြစ်သည်။ ၂၀၀၀ တွင် ၁ ယောက်မှာ မအောင်မမြင်ဖြစ်တတ်သည်။

အမျိုးသမီးများတွင် မေ့ဆေး၊ ခါးထုံဆေး တမျိုးမျိုးပေးလျက် သားအိမ်၏တဖက်တချက်ရှိ သားအိမ်ပြွန် နှစ်ခုလုံးအား ဖြတ်ပြစ်ခြင်းဖြစ်သည်။ ၂၀၀ မှာ ၁ ယောက်မှာ မအောင်မမြင်ဖြစ်တတ်သည်။ ခဲစိတ်ပြီး ၁ လ တိုင်အခြားတားနည်းတခုခု သုံးသင့်သည်။ ယောက်ျားအားဖြတ်လျင် သုတ်ပိုးပါမပါစစ်ဆေးရမည်။ သုတေသန စစ်တမ်းအရ အသက် ၃၀ အောက် အမျိုးသမီးများသည် ယောက်ျားများထက် ထိုနည်းသုံးပြီးနောက် နောင်တရကြသည်။

13. အန္ဒိယဈေးကွက်တွင်သုံးသည့် ဟော်မုန်းမပါသောစားဆေး၊ Centchroman (Saheli) Tablets
Centchroman ခေါ် Saheli Tablets သည် ပုံမှန်မမျိုးဥထွက်ခြင်းကို တားဆီးခြင်းမလုပ်ဘဲ၊ ကျားသုတ်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်းနံရံကို လာတွယ်သည့်ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန်ပြုလုပ်ပေးသည်။

ဆေးကပ်တခုတွင် 30 mg ဆေးပြား (၈)ပြားပါသည်။ ပဌမ (၃)လအတွက် wပါတ်လျင် ၂ ပြား၊ နောက်လများမှစ၍ ၁ ပါတ် ၁ ပြားသောက်ရသည်။ ဟော်မုန်းများမပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင်။ သို့သော် ရာသီဆင်းခြင်းများတတ်သည်။

14. Spermicides ကျားသုတ်ပိုးသတ်ဆေး၊
(nonoxynol-9) ပါသည့်ဆေးဖြစ်သည်။ Tablets, jelly (gel), films, and foams စသဖြင့် အမျိုးမျိုးရှိသည်။ 71-82% ထိရောက်သည်။ နာရီဝက် ကြိုတင်ထည့်ထားပြီးမှ ဆက်ဆံရမည်။ ပျော်ဝင်မသွားသည့် အမျိုးအစားဖြစ်ပါက ဆက်ဆံအပြီး ၈ နာရီကြာမှ ထုတ်ရမည်။ Vaginal Contraceptive Film (VCF) သည် ၁၅ မိနစ်ဆိုလျင် ရသည်။ Suppositories တို့မှာ ၂၀ မိနစ်စောင့်ရမည်။ Sponges တို့သည် ၈၀-၉၁% ထိရောက်သည်။ ၁၂ နာရီကြိုတင်ထည့်ထားနိုင်ပြီး၊ ဆက်ဆံပြီးနောက် ၆-၈ နာရီကြာမှ ဖြုတ်ရမည်။

တမျိုးတည်းသုံးသည်ထက် သားအိမ်အ၀အဖုံးများ၊ သုတ်ရည် ပြင်ပစွန့် ထုတ်နည်းတို့နှင့် တွဲသုံးပါက ပိုမိုထိရောက်စွာ ကာကွယ်နိုင်သည်။ အက်စစ်ဓါတ်ပါသဖြင့် ပူစပ်သည်။

Scientist close to realising contraceptive pill for men
Reference : http://dts-medicaleducation.blogspot.com/2009/04/different-methods-of-contraception.html

Monday, October 12, 2009

အချစ်နဲ့ လိင်


အချစ်နဲ့ လိင်


အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။

ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။

တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။

ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက .... ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။

ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။

ဝါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။

အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။

လိင်စိတ် နိုးထခြင်း နှင့် လိင်ဆက်ဆံခြင်း

လိင်စိတ် နိုးထခြင်း


လိင်စိတ် နိုးထခြင်း (sexual arousal) သည် လိင်ဆက်ဆံ ရန် အသင့်ရှိသော အချေအနေကို ခေါ်ဆိုခြင်းဖြစ်ပြီး လိင်ဆက်ဆံရန် လိုလားလျှက်ရှိသည်။


လူ၏ လိင်စိတ် နိုးထခြင်း

လူတို့ လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်တံ တွင် သွေးများ ပိုမိုသွင်းပြီး လိင်တံတင်းမာခြင်း ဖြစ်လာသည်။ ၎င်းသည် ယောက်ျားတို့တွင် အမြင်သာဆုံးနှင့် အယုံကြည်ရဆုံး လက္ခနာ ဖြစ်သည်။ မိန်းမတို့တွင် ယောနိ တွင် ဖြစ်ပေါ်လာနိုင်သော လိင်ဆက်ဆံခြင်း အတွက် အရေကြည်များ အလိုလို စွက်ပေးသည်။ အခြား သတ္တဝါများနှင့်မတူ လူသည် နှစ်ပါတ်လုံး လိင်စိတ် နိုးထခြင်း ဖြစ်ပေါ်နိုင်သောကြောင့် လူတွင် မိတ်လိုက်ရာသီ မရှိချေ။ လိင်ပညာရှင် David Schnarch က ရိုးသားသော လူနှစ်ဦး လိင်အပြုအမူကို ကြည့်ယုံဖြင့်ပင် ထိုသူများ လိင်စိတ် ပြင်းထန်စွာဖြစ်ပေါ်မှုကြောင့် လိင်စိတ် နိုးထခြင်းဖြင့်နိုင်သည်ဟုဆိုသည်။ သာမန် အခြောက်မဟုတ်သော ယောက်ျားတို့သည် မိန်းမ၏ ကိုယ်လုံးတည်း သို့မဟုတ် တဝက်ကို မြင်သည်ပင်လျှင်ပင် လိင်စိတ် နိုးထခြင်း ဖြစ်နိုင်သည်။ သင့်တင့်လှောက်ပတ်သော လှုံဆော်မှုကိုပေးပါက လိင်စိတ် နိုးထခြင်းမှတဆင့် လိင်အထွတ်အထိတ် အထိ ဖြစ်နိုင်သည်။

လိင်စိတ် နိုးထစဉ် ရုပ်ပိုင်းဆိုင်ရာပြောင်းလည်းခြင်းတို့မှာ


ယောက်ျားတို့တွင်

  • သွေးများဖြင့် ယောက်ျား လိင်တံ တောင့်လာသည်
  • ယောက်ျား လိင်တံရှိ သွေးကြောများ ထင်ရှားစွာ ပေါ်လာသည်
  • ရှေ့အရေပြား ကြုံ၍ တိုကာ ငုတ်နေသော ကွမ်းသီးခေါင်း ပေါ်လာသည်
  • အရေကြည်ထွက်လာသည်
  • ဝှေးစေ့တင်းလာသည်
  • ဝှေးစေ့ အပေါ်ကပ်လာသည်
  • Scrotum အရေပြား ထူအမ်းလာသည်

မိန်းမတို့တွင်


လိင်ဆက်ဆံခြင်း



Édouard-Henri Avril အရုပ်ဖော်သော လူတို့ လှေကြီးထိုး ပုံစံ လိင်ဆက်ဆံပုံ
Édouard-Henri Avril အရုပ်ဖော်သော လူတို့ လှေကြီးထိုး ပုံစံ လိင်ဆက်ဆံပုံ

ဇီဝဗေဒ အမြင်အားဖြင့် လိင် ဆက်ဆံခြင်း သည် အဖို လိင် အင်္ဂါ သည် အမ လိင် အင်္ဂါ အတွင်းသို့ ရောက်သော အပြုအမူ ပင်ဖြစ်ပြီး စက်ယှက်ခြင်း ဟုလည်း ခေါ်သည်။ [1][2] ၄င်းနှစ်ခုသည် ဆန့်ကျင်ဖက် လိင် သို့မဟုတ် ပတ်ကျိကဲ့သို့ ဖိုမဒွိ သတ္တဝါ တွင် လိင်တူလည်း ဖြစ်နိုင်သည်။

အစဉ်အလာ အားဖြင့် လိင်ဆက်ဆံခြင်းကို ယောက်ျား နှင့် မိန်းမ စက်ယှက်ခြင်းဟု ထင်မိကြပြီး ယခုထိတိုင် ထိုအဓိပ္ပါယ် ဆောင်သေးသည်။ သို့သော် ၄င်းအဓိပ္ပါယ်မှာ မကြာသေးမှီ နှစ်များမှ ကျယ်ပြန့်လာပြီး အနည်းဆုံး စက်ယှက်ခြင်း သုံးမျိုး အထိ သက်ရောက်သည်။ ၎င်းစက်ယှက်ခြင်း သုံးမျိုး မှာ ယောနိတွင်း စက်ယှက်ခြင်း၊ ပါးစပ်ဖြင့် စက်ယှက်ခြင်း နှင့် စအိုဖြင့် စက်ယှက်ခြင်း ဟူ၍ ရှိသည်။

လူမှလွဲ၍ အခြား သတ္တဝါတို့၏ စက်ယှက်ခြင်းမှာ အဓိကအားဖြင့် မျိုးပွား ရန် အတွက်သာ ဖြစ်ပြီး မျိုးဥလာချိန်တွင်သာ ပြုလုပ်သည်။ သို့သော် လူဝံ လင်းပိုင်နှင့် ချင်ပန်ဇီမျောက် တို့သည် မျိုးဥလာချိန် မဟုတ်ပဲ စက်ယှက်တက်ပြီး တစ်ခါတစ်ရံ လိင်တူပါ ဆက်ဆံခြင်း ပြုသည်။ အထက်ဖော်ပြပါ အပြုအမူ တို့မှာ သာယာမှု ထက်ပိုလွန်သော ရည်ရွယ်ချက်ရှိပြီး လူမှုရေး ခိုင်မာရန် ဖြစ်သည်။

တိရစ္ဆာန် တို့တွင်

ဟင်္သာ နှစ်ကောင် မိတ်လိုက်ပုံ
ဟင်္သာ နှစ်ကောင် မိတ်လိုက်ပုံ

ရေထဲတွင် နေသော သတ္တဝါ တို့သည် ပြင်ပ သန္ဓေအောင်ခြင်း နည်းကို သုံးပြီး Late Ordovician ခေတ်ရောက်သော အခါမှ သတ္တဝါ တို့ တိုးတက်လာပြီးဂမိတ်များကို အရည်တွင်း ကြီးထွားစေရန် ကိုယ်တွင်း သန္ဓေအောင်ခြင်း ကို သုံးလာသည်။ ကြောရိုးရှိ သတ္တဝါ အများသည် ရင်ခေါင်းပေါက်မှ cloacalမျိုးစပ်ခြင်း နို့တိုက် သတ္တဝါများသည် ယောနိ မျိုးစပ်ခြင်း ဖြင့် ကိုယ်တွင်း သန္ဓေအောင်ခြင်းဖြစ် ကာ မြေလျှောက် ကြောရိုးရှိ သတ္တဝါများသည် ပြင်ပ သန္ဓေအောင်ခြင်း ကိုသာသုံးသည်။

[ပြင်ဆင်ရန်​]လူ တို့တွင်

လူတို့ လိင်ဆက်ဆံပုံ
လူတို့ လိင်ဆက်ဆံပုံ

လူတို့သည် ယောနိ မျိုးစပ်ခြင်း ကိုသုံးသည်။ လိင်ဆက်ဆံခြင်းသည် မျိုးဆက်ပြန့်ပွားရေး အတွက်သာ ဖြစ်သော်လည်း တစ်ခါတစ်ရံ အပြောသက်သက်မဟုတ်ကြောင်း အချစ် ကိုပြသရန် နှင့် စိတ်ခြင်း နီးစပ်မှုရစေရန် သုံးသည်။ လိင်ဆက်ဆံခြင်းသည် ထုံးစံအားဖြင့် ပြင်းထန်သော နှောင်ကြိုး ကိုရစေပြီး လူ့ အသိုင်းအဝိုင်း တို့တွင် သာမန် အတွဲ တို့မှာ သာယာမှုကို မျှဝေရန်နှင့် စိတ်လုံခြုံမှု ခိုင်မာစေရန် သန္ဓေတားဆေးကို တမင်သုံး၍ မကြာခဏ လိင်ဆက်ဆံလေ့ရှိသည်။

လိင်ဆက်ဆံခြင်းကို အခြား ထိုးသွင်းနည်း များဖြစ်သည့် စအို သို့မဟုတ် ပါးစပ် တို့ကိုလည်း ခေါ်နိုင်သည်။ လိင်ဆက်ဆံခြင်း ဆိုသည်မှာ ၄င်း အပြုအမူ အားလုံးပါပြီး မထိုးသွင်းသော လိင်ဆက်ဆံခြင်း နည်းများကို ဤတွင် မဖော်ပြပါ။

စပ်ယှက်ခြင်းကို အစဦးပိုင်းတွင် လိင်စိတ်ဆွခြင်းမှ လာပြီး လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်အင်္ဂါ သည် လိင်တံတင်းမာခြင်း ဖြစ်ပြီး မိန်းမ မျိုးပွားအင်္ဂါသည် သဘာဝ ဆီလိမ်းခြင်း ဖြစ်လာသည်။

စပ်ယှက်ခြင်း ပြုရန်မှာ ယောက်ျား လိင်တံကို မိန်းမ ယောနိ အတွင်းသို့ ထိုးသွင်းရပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက်လုံး သူတို့၏ တင်ပါးများကို လှုပ်ရှားကြပြီး လိင်တံသည် ယောနိတွင် ရှေ့နောက် လုံးဝ ထုတ်ခြင်း မပြုပဲ ရွေ့လျားကာ ပွတ်တိုက်ခြင်း ဖြစ်စေသည်။ ဤနည်းဖြင့် ၎င်းတို့ဘာသာ သို့မဟုတ် အပြန်အလှန် ဆွပေးခြင်း ဖြစ်ကာ တစ်ယောက်သော သို့မဟုတ် နှစ်ယောက် စလုံး လိင်အထွဋ်အထိပ်သို့ ရောက်ခြင်းဖြင့် အဆုံးသတ်သည်။

စပ်ယှက်ခြင်း သည် လူတို့၏ အခြေခံ မျိုးပွားခြင်း ဖြစ်သည်။ များသောအားဖြင့် လိင်အထွဋ်အထိပ် သောအခါ သုတ်ပန်းခြင်း အဆင့်တွင် ကြွက်သားများ ဆက်တိုက် ကျုံ့ကြွခြင်းဖြင့် အဖို ဂမိတ် ပါသော သုတ်ရည်ကို လိင်ချောင်းမှ တစ်ဆင့် မိန်းမ အင်္ဂါ အထိ သယ်ဆောင်ပေးသည်။

နောက်ပိုင်းတွင် ၄င်းသုတ်ကောင်တို့သည် ယောနိအိုး မှ ဆီးခုံကို ဖြတ်ကာ သားအိမ်သို့ ရောက်ရှိပြီး fallopian tube ထဲ့သို့ ကျသွားသည်။ သုတ်ပန်းစဉ်တွင် သန်းပေါင်းများစွာသော သုတ်ကောင်များ ပါရှိပြီး မျိုးအောင်ရန် ပိုမို လမ်းစ ရစေသည်။ အမျိုးသမီး လိင်အထွဋ်အထိပ် ရောက်ခြင်းသည် သန္ဓေတည်ရန် အတွက် မလိုသော်လည်း အကယ်၍ သုတ်ပန်းချိန်တွင် အမျိုးသမီး ကလည်း လိင်အထွဋ်အထိပ် ရောက်ခဲ့လျှင် ယောနိ ကျုံ့သွားခြင်းကြောင့် သုတ်ကောင် fallopian tube ထဲ့သို့ ရောက်ရန် အခြေအနေပေးကာ ပိုမို မျိုးအောင်စေသည်။Template:Cnအဖိုမျိုးဖြစ်သည့် သုတ်ကောင် နှင့် အမ မျိုးဥတို့ပေါင်းမိ၍ မျိုးအောင်ပြီးသော မျိုးဥ သည် endometrium ခေါ် သားအိမ်ရှိ နံရံတွင် ကပ်သွားပြီး သန္ဓေတည်ခြင်း ဖြစ်စေသည်။

အခြား သတ္တဝါများနှင့် ခြားနားသည်မှာ လူတို့ ၏ စပ်ယှက်ခြင်းသည် ဆိတ်ကွယ်ရာအရပ်တွင် ပြုကျင့်ကြခြင်းပင် ဖြစ်သည်။ ထို့အပြင် လူတို့၏ လိင်စိတ်သည် မျိုးဥကြွေချိန် နှင့် ဆက်စပ်မှု မရှိပဲ မည်သည့် အချိန်အခါမဆို ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်စဉ်တွင်လည်း ဖြစ်နိုင်သည်။

မိန်းမ မျိုးပွားအင်္ဂါ

ယောနိ

လူ၏ အမ မျိုးပွားစနစ် အင်္ဂါများ - ဘေးတိုက်ပုံ
Latin"sheath" or "scabbard"
Gray'ssubject #269 1264
ArteryIliolumbar artery,vaginal artery, middle rectal artery
Lymphupper part to internal iliac lymph nodes, lower part tosuperficial inguinal lymph nodes
Precursorurogenital sinus andparamesonephric ducts
MeSHယောနိ
Dorlands/Elsevierv_01/12842531

ယောနိ သည် ကြွက်သားမျှင် (Fibromuscular) တို့ဖြင့် ဖွဲစည်းထားပြီး အလုံးခေါင်းပုံရှိကာ ခန္ဓာကိုယ်တွင်းရှိ သားအိမ်တိုင်အောင်ရောက်သည်။ အင်းဆက် အမများနှင့် အချို့သော ကြောရိုးမဲ့ သတ္တဝါ တို့လည်း ယောနိ ရှိပြီး သားမွေးလမ်းကြောင်းလည်း ဖြစ်သည်။

အရပ်ခေါ်တွင် ယောနိကို Vagina သို့မဟုတ် အပြင်ပန်း မအင်္ဂါဟုသာ ထင်သော်လည်း အတိအကျအားဖြင့် ယောနိမှာ အတွင်းပိုင်းနှင့် အပြင်ပိုင်း အားလုံးပါသည်။

Contents

[hide]

လူမိန်းမ၏ ခန္ဓာဗေဒ

ယောနိ အနီးကပ်ပုံ
ယောနိ အနီးကပ်ပုံ

လူ၏ ယောနိသည် အိပျော့သော အခေါင်း ဖြစ်ပြီး ဆီးခုံမှ သားအိမ် အထိရောက်သည်။ ကွဲပြားမှု များနိုင်သော်လည်း လူ့ယောနိမှာ လိင်စိတ်မဖြစ်ပေါ်သေးသည့် သာမန်အချိန်တွင် အကျယ် ၂.၃ မှ ၃ လက်မ အထိ ရှိပြီး အရှည်မှာ အတွင်းနံရံ အထိ ၃.၅ လက်မ ရှိသည်။ လိင်စိတ် နိုးထစဉ်တွင် ယောနိသည် ကျယ်၍ ရှည်လာသည်။ ၄င်း ကျုံ့နိုင်ကျယ်နိုင်မှုသည် လိင်ဆက်ဆံစဉ် နှင့် သားမွေးစဉ်တွင် အလိုက်သင့် ချဲ့ပေးသည်။ ယောနိ၏ အထက်ပိုင်းတွင် ဟန်ပြသာဖြစ်သော လိင်အင်္ဂါဇာတ်က ဆီးလမ်းကြောင်းနှင့်အတူ ကာထားသည်။

မိန်းမတစ်ယောက် မတ်တပ်ရပ်လျှင် မလိင်အင်္ဂါ အခေါင်းသည် လူ၏ နောက်ဖက် အထက်သို့ ၄၅ ဒီဂရီ ကျော်ကျော်လောက်ဖြင့် သားအိမ်အထိ တက်သွားသည်။ အခေါင်းပေါက်သည် ဆီးသွားရန် အပေါက်နောက်ရှိ vulva တွင် အဆုံးသတ်သည်။ လိင်အင်္ဂါဇတ်၏ အထက် လေးပုံတစ်ပုံကို စအို မှ Rectouterine အိပ် ဖြင့် ကာထားသည်။ လိင်အင်္ဂါ အခေါင်းအထက်တွင် ဆီးခုံမို့မို့ ရှိသည်။ မလိင်အင်္ဂါဇတ်သည် အခြား ကျန်းမာသော နို့တိုက် သတ္တဝါတို့၏နည်းတူ အနီရင့် ပန်းရောင်ရှိသည်။

ချောဆီ အရည်ကြည်ကို မလိင်အင်္ဂါ အခေါင်းပေါက်နှင့် ဆီးခုံ နားရှိ ဘာသိုလင် ဂလင်းများ (Bartholin's glands) က ထုတ်ပေးသည်။ မလိင်အင်္ဂါ အရွက်ချပ်သည် ဂလင်းများ မရှိသော်လည်း နံရံတလျှောက် အစိုဓါတ်ကို ပေးသည်။ မျိုးဥကြွေခြင်း (Ovulation) မဖြစ်မီနှင့် ကြွေဆဲတွင် ဆီးခုံ၏ ချွဲကျီ ဂလင်းများ (Mucus Glands) က အခြားချွဲကျိကျိ အရည်တစ်မျိုး ညှစ်ထုတ်ပေးသည်။ ၄င်း ချွဲကျိကျိအရည် အယ်လ်ကာလိုင်း အခြေကိုပေးပြီး သုတ်ကောင်ကြာရှည်စွာ ရှင်သန်ရေးအတွက် အထောက်အကူပြုသည်။

အပျိုမြှေးခေါ် မလိင်အင်္ဂါ အမြှေးပါးသည် ပါးလွှာသော တွယ်ဆက် တစ်ရှူး (connective tissue) ဖြစ်သော အမြှေး (membrane) ဖြစ်ပြီး မလိင်အင်္ဂါ အခေါင်းပေါက်အနီးတွင် ရှိသည်။ သတ္တဝါ အမတိုင်းကဲ့သို့ မလိင်အင်္ဂါ အမြှေးပါးသည် မထိုးဖောက်သည်အထိ မွေးကတည်းက အခေါင်းပေါက်ကို ကာကွယ်ထားသည်။ အမြှေးပါးသည် လိင်ဆက်ဆံခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်း မဟုတ်ဘဲနှင့်လည်း ပေါက်ပြဲနိုင်သည်။ လိင်ဆက်ဆံခြင်းသည် အမြဲ အမြှေးပါးကို ပေါက်စေသည်တော့ မဟုတ်ချေ။ ထို့ကြောင့် အမြှေးပါး မရှိခြင်းသည် လိင်ဆက်ဆံခြင်း မပြုရသေးကြောင်း သက်သေမဟုတ်ချေ။

မလိင်အင်္ဂါ ၏ ဇီဝကမ္မဗေဒ

မလိင်အင်္ဂါ သည် များစွာသော ဇီဝကမ္မ အလုပ်များကို လုပ်ဆောင်သည်။

ယောနိ ထုတ်ခြင်း

မလိင်အင်္ဂါသည် ဓမ္မတာသွေး လာခြင်းနှင့် တစ်ရှူးများ ခန္ဓာကိုယ်မှ ထုတ်ခြင်း တို့ကိုပြုရန် လမ်းကြောင်းပေးသည်။ စက်မှု တိုးတက်သော လူအဖွဲအစည်းများတွင် ထိုသို့ ဓမ္မတာလာချိန်၌ ထိုအရည်များကို စုပ်ယူထားရန် အဆို့ (Tampon)၊ ဓမ္မတာခွက် (Menstrual Cup) နှင့် ကျန်းမာရေးပုဝါ (Sanitary Napkin) များကို အမျိုးသမီးသုံးအကာအကွယ် ပစ္စည်းအဖြစ် သုံးကြသည်။

လိင်ဆက်ဆံမှု ပြုခြင်း

မိန်းမတစ်ယောက်၏ အကြိုက်အတိုင်း နှိုးဆွ သောအခါ နဗ်ကြောများသည် မလိင်အင်္ဂါ အခေါင်း၏ အပေါက်ဝတွင် စုဆုံသောကြောင့် လိင်ဆက်ဆံခြင်းပြုသောအခါ အလွင်ပင် အရသာပေးသည်။လိင်စိတ် နိုးထစဉ်တွင် အထူးသဖြင့် အစေ့ကို ဆွပေးလျှင် မလိင်အင်္ဂါ အခေါင်း၏နံရံမှ သူ့ကိုယ်သူ ဆီလိမ်း ပေးသည်။ ၄င်းသည် လိင်ဆက်ဆံခြင်းမှဖြစ်ပေါ်သော ပွန်းစားမှုကို လျော့ကျစေသည်။သုသေသန တွေ့ရှိချက်များအရ လိင်ဆက်ဆံစဉ် အစေ့သည် မလိင်အင်္ဂါဇတ်မှ ယောနိအထိရောက်အောင် ဆန့်ထုတ်သည်ဟု ဆိုသည်။ [1]

လိင်စိတ် နိုးထစဉ်တွင် ယောနိမှာ အလျှင်အမြန် ပျမ်းမျှအားဖြင့် ၄ လက်မလောက် ရှည်ထွက်လာပြီး နောက်တွင် လိင်စိတ်အလိုက် ဆက်လက်၍ ရှည်ထွက်သည်။[2] မိန်းမတစ်ယောက် အစွမ်းကုန် နိုးထသောအခါ ဆီးခုံကကျုံ့ကာ ယောနိက နေရာယူသွားသည်။ ယောနိ၏ နံရံသည် ချွဲသော အမြှေးအရေပြားများကို ခေါက်၍ အိပျော့အောင် လုပ်ထားသောကြောင့် ယောက်ျား အင်္ဂါတံ အရွယ် အလိုက် ကျုံ့ ချဲ့ပေးသည်။[3] သင့်တင့်စွာ လိင်စိတ် နိုးထလျှင် ဖြစ်နိုင်သော မည်သည့် အင်္ဂါတံ အရွယ်မဆို ချိန်ကိုက်နိုင်သည်။ [4][5]

ဂျီပြောက် ( G - Spot)

ဂျီပြောက်၏ တည်နေရာကို ပြပုံ
ဂျီပြောက်၏ တည်နေရာကို ပြပုံ

လိင်စိတ်နိုးထရာနေရာ (Erogenous Zone) တစ်ခုဖြစ်သော များသောအားဖြင့် ဂျီပြောက် (G-spot) သည် ယောနိ၏ နောက်ပိုင်း နံရံတွင်တည်ရှိပြီး အပေါက်ဝမှ ငါး စင်တီမိတာခန့် အကွာတွင် ရှိသည်။ လိင်ဆက်ဆံခြင်း ပြုစဉ် ဂျီပြောက်ကို မှန်ကန်စွာ နှိုးဆွပေးလျှင် အချို့သောမိန်းမတို့မှာ ပြင်းထန်သောအရသာကို ခံစားရသည်။ ဂျီပြောက်ဖြင့် လိင်အထွတ်ရောက်ခြင်း (Orgasm) သည် မိန်းမ အရည် ညှစ်ခြင်း (Female Ejaculation) ကို ဖြစ်ပေါ်စေနိုင်သောကြောင့် အချိုသော ဆရာဝန် နှင့် သုတေသီ တို့က ဂျီပြောက်၏ သာယာမှုသည် အမှန်တကယ်ရှိသော အရာထက် ယောက်ျားတို့၏Prostate ကဲ့သို့ စကန်း ဂလင်း (Skene's Gland) မှ လာသည် ဟု ယုံကြည်ကြသည်။[6][7][8] အချိုသော သုတေသီများမှာ ဂျီပြောက် ရှိကြောင်း ငြင်းဆိုသည်။[9]

[ပြင်ဆင်ရန်​]သားမွေးခြင်း

သားမွေးခြင်း ပြုစဉ်တွင် ယောနိသည် ကလေးကို သားအိမ်မှ မိခင် ပြင်ပ အထိရောက်ရန် သယ်ဆောင်ရန် လမ်းကြောင်းအဖြစ် ဆောင်ရွက်သည်။ သားမွေးစဉ် ယောနိ ကို မွေးလမ်းကြောင်း ဟုခေါ်သည်။ ယောနိသည် သားမွေးစဉ် အံ့သြဖွယ် ကောင်းလောက်အောင်ပင် ပင်ကိုယ်ထက် အဆများစွာ ချဲ့နိုင်သည်။

လိင် ကျန်းမာရေး နှင့် သန့်ရှင်းရေး

ယောနိသည် သူ့ဘာသာသူ သန့်ရှင်းသောအင်္ဂါအစိတ်အပိုင်း ဖြစ်သောကြောင့် အထူး စောင့်ရှောက်ရန် မလိုပေ။ ဆရာဝန်များသည် အများအားဖြင့် Douching ခေါ် ပိုက်သွင်း၍ ဆေးကြောခြင်းကို အားမပေးပေ။ ကျန်းမာသော ယောနိသည် ရောဂါ ဖြစ်စေတတ်သော ပိုးမွှား များကို ကာကွယ်သော အပြန်အလှန် အကျိုးပြု အဏုဇီဝ ပိုးမွှားများ ရှိနေသောကြောင့် ၄င်းအခြေကို ဖျက်ခြင်းသည် ဓမ္မတာ မမှန်ခြင်း စသည့် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။ ကျန်းမာသော ယောနိ၏ အချဉ်ဓာတ်မှာ အပြန်အလှန် အကျိုးပြု အဏုဇီဝ သတ္တဝါ များက ထုတ်လွှတ်သော လက်တစ် အက်စ် ကြောင့် ဖြစ်ပြီး အန္တရာယ်ရှိ ပိုးမွှားများ ပေါက်ပွားခြင်းကို ဟန့်တားသည်။